နည်းလမ်းပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ပုံမှာပြထားတာက ရွှေဖရုံသီး စာမှာရေးထားတာက
ကျောက်ဖရုံသီး ဘယ်ဟာက အမှန်လဲ သိချင်ပါတယ် အဖြေမှန်ကို ကျေးဇူးပြုပြီး
skyblack.black0ကို ပို့ပေးနိုင်မလားလို့ပါ အသီးအမှန်ကို သိချင်ပါတယ်
အိမ်မှာက ဖေဖေက ဆီးသိပ်မသွားနိုင်လို့ စိတ်ညစ်နေရလို့ပါ ကျေးဇူးပြုပြီး
ပြောပြပေးပါ
အများအကျိုးအတွက်ဆောင်ရွက်တာကောင်းပါတယ်။
ဒါပေမယ့် မမှားဘို့ကသိပ်အရေးကြီးပါတယ်။ တိကျဘိဖို့လိုပါတယ်။
အများအတွက်ဆိုတော့ မှားသွားရင်
အသက်ပေါင်းမနည်းပါဘူး။ ဘယ်လိုမှသဘောမထားပါနဲ့။ စေတနာသက်သက်ဖြင့်
အကြံပေးတာပါ။ ကျေးဇူးတင်ပါသည်။
- ၅။comment by ant35
14 hours ago
- တို့လဲအမှန်သိချင်တယ်(ayemin.bkk@gmail.com)ကိုဖြေပေးပါ
အဖြေ
၁။အနောက်တိုင်းအခေါ်တွင် ကျောက်ဖရုံသီးကို White Pumpkin
ဟုခေါ်ပါသည်။
https://www.google.com/search?q=white+pumpkin&hl=en&prmd=im...
ကိုဝင်ကြည့်ပါ။
၂။ဒါကတော့
မြန်မာပြည်မှာတွေ့ရသောပုံစံမျိုးပါ။ပုံသဏ္ဍာန်အမျိုးမျိုးကွဲပါသည်။
ဒါကမြန်မာကျောက်ဖရုံပုံစံပါ ။ဘယ်အချိန်သောက်သောက်
ကောင်းပါသည်။
၃။ဆီးချိုရောဂါရှိသော်လည်းသက်သာစေသည့်နည်းလမ်းများ(များနေသူများအတွက်သာဖြစ်ပါသည်)
၁။ပဲနံ့သာစေ့ကိုကုလားဟင်းချက်ရာတွင်
ထည့်ချက်စားပါ။(ပရဆေးဆိုင်များတွင်ရရှိနိုင်ပါသည်)
၂။ကန်ဇွန်းဥ၏အပင်မှအရွက်များကို တို့စားပါ။
၃။ဂရိတ်ဖရုအသီးကို
အရည်ညှစ်၍ အစာစားပြီးပါကသောက်ပေးပါ။
၎။ကြက်ဟင်းခါးသီးကိုအူတိုင်
အစေ့ဖယ်၍ ပြုတ်တို့ပါ၊ကြော်စားပါ။
၅။ဝက်၏ ပန်ကရိယကို ပြုတ်၍
စားပေးပါ။(အနံ့ အရသာမရှိပါ)၀က်ပေါ်သောသူများနှင့်ဆက်စပ်ထားလျင်
ရပါသည်။အရသာမရှိ၍ မည်သူမှမ၀ယ်ပါ။
၆။ပျားမြီးရွက်ကို
သုံးစွဲနိုင်သော်လည်း တခါတရံ သတ်မှတ်ချက်ထက် သွေးတွင်းရှိရမည့်သကြားဓါတ်
လျော့
နည်း တတ်သဖြင့် ဆီးချိုတိုင်းသော စက်ရှိသူများသာ
သုံးစွဲသင့်ပါသည်။
၇။ဟင်းချက်ရာတွင် အချိုမှုန့်အစား ကော်ဖီ
ဖျော်ရာတွင်သကြားအစား (EQUAL SUGAR) ကိုသုံးပါ။
၈။လမ်းလျှောက်ရာတွင် ၄၅
မိနစ်ထက်ပိုပါစေ။၃၀ မိနစ်လျှောက်လျင် ချွေးနှင့်အတူ ဆားဓါတ်များ သာပြန်
ထွက်၍သွေးတိုးကျစေသော်လည်း ၄၅ မိနစ်ထက်ကျော်မှသာ
သကြားဓါတ်များပြန်ထွက်ပါသည်။
၉။အိမ်တွင်းသုံး SPA (Hydrotheraphy)
စက်ကိုသုံးပါက တကြိမ် ရေချိုးပြီးလျင် သွေးတွင်းရှိရမည့် သကြား
ဓါတ်
(၃၀ မှ ၄၀)အကြားကျဆင်းပါသည်။
၁၀။တစ်နေ့လျင်
ရှစ်နာရီထက်မနည်းအောင်အိပ်ပါ။
၁၁။နေ့စဉ် မပျက်မကွက်ဆောင်ရွက်ပါက
အင်္ဂလိပ်ဆေးလုံးဝလွတ်ပါသည်။
(ပုံမှန်လူတဦးကဲ့သို့စားသုံးနိုင်ပါသည်၊အလွန်အကျွံစားပါက မဖြစ်သေးသောသူပင်
ဖြစ်ပါသည်။)
၁၂။မှတ်တမ်းထားပါ။တစ်လပြည့်လျင်ပြန်စစ်ပါ။လုံးဝကျပါသည်။
၎။ကျွန်တော်သည်
အင်တာနက်မကျွမ်းကျင်ပါ။သားဖြစ်သူ၏အကောင့်ဖြင့်ဝင်ရောက်ရေးသားပါသည်။
အသက်၅၆နှစ်ရှိပါပြီ။ညွှန်ကြားရေးမှုး(ငြိမ်း)ဖြစ်ပါသည်။အဖိုးဖြစ်သူမှာတိုင်းရင်းဆေး
ဆရာကြီးတစ်ဦးဖြစ်ပါသည်။သူကုသခဲ့သောဆေးနည်းများအနက်ပျောက်ကင်းမှု့ကို
လက်တွေ့မြင်ခဲ့ရမှု့များကိုကြည့်၍ဖြန့်ဝေပေးခြင်းဖြစ်ပါသည်။ဆရာဝန်မဟုတ်သော်လည်း
ဝါသနာအရ
မြန်မာ၊အင်္ဂလိပ်၊တရုပ်၊အိန္ဒိယဆေးကျမ်းများကိုလေ့လာခဲ့သည်မှာ၂၆နှစ်ရှိပါပြီ။
မိမိကိုယ်တိုင်လည်းသုတေသနလုပ်ပါသည်။ဓါတ်ခွဲခန်းတွင်သုတေသနလုပ်ရသည့်စရိတ်မှာ
စရိတ်များပြားလှပါသည်။ကြိုးစားနေဆဲဖြစ်ပါသည်။ဆီးချိုသမား အဘ
အတွက် ရေးခဲ့ပြီးသား
ကို ပြန်ဖော်ပြလိုက်ပါသည်။ကျောက်ဖရုံသီးကို ယုံကြည်စွာ
သုံးစွဲပါ။
No comments:
Post a Comment