Saturday, July 7, 2012

ဗီတာမင် B12 က အယ်လ်ဇိုင်းမားရောဂါ မဖြစ်အောင်


ဗီတာမင် B12 က အယ်လ်ဇိုင်းမားရောဂါ မဖြစ်အောင်:


By Health Digest
ကာကွယ်ပေး ပါသလား ဆွီဒင်နိုင်ငံ၊ စတော့ခ်ဟုမ်း မြို့ရှိ ကာရို လင်စကီ အင်စတီကျူမှာ
၇ နှစ် ကြာဆောင်ရွက် ခဲ့တဲ့လေ့လာမှု တစ်ရပ် မှာ အသက် ၆၅-၇၉ နှစ်အကြားရှိ ဖင်းနစ်အမျိုးသားနှင့် အမျိုးသမီး ၂၇၁ ဦး (လေ့လာမှု စတင်စဉ်က စိတ်ယို ယွင်းခြင်းရောဂါမရှိသူများ) ထံမှ သွေးနမူနာများကို ရယူကာ လေ့လာ ခဲ့ကြပါတယ်။
သုတေသီတွေတွေ့ရှိ ခဲ့တာကHomocysteine ဓာတ် ပစ္စည်း ပမာဏမြင့်မားမှုက ဦးနှောက် ထိခိုက်စေတဲ့ အခြေအနေများနှင့် ဆက်နွှယ်နေတယ်ဆိုတာပဲ ဖြစ်ပါ တယ်။ ထိုပမာဏမြင့်မားခြင်းက အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားနိုင် ခြေနှင့် ဆက်စပ်နေကြောင်း၊ ဗီတာမင် B 12စားသုံးခြင်းက Homocysteine ပမာဏကို လျော့ကျစေနိုင်ကြောင်း သိရှိခဲ့ကြပါတယ်။ သို့ပေမယ့် ယင်း တွေ့ရှိမှုကို ခိုင်မာစေဖို့ နောက်ထပ် သုတေသနတွေ ပြုလုပ်ဖို့ လိုဦးမှာ ဖြစ်တယ်။
ဦးလှမြင့်(ဂန္ဓမာ)

No comments:

Post a Comment