Friday, July 20, 2012

အမေရိကန် FDA အသိအမှတ်ပြု ပထမဆုံး HIV ကာကွယ်ဆေးထွက်ပေါ်လာ

အမေရိကန် FDA အသိအမှတ်ပြု ပထမဆုံး HIV ကာကွယ်ဆေးထွက်ပေါ်လာ

အမေရိကန် FDA အသိအမှတ်ပြု ပထမဆုံး HIV ကာကွယ်ဆေးထွက်ပေါ်လာ
Gilead Science၏ Truvada ဆေးဝါးသည် HIVပိုး ရှိနေသူများနှင့် လိင်အထိအတွေ့ ရှိနေသူများကဲ့သို့ HIVပိုး ကူးစက်နိုင်ခြေ မြင့်မားသည့် အခြေအနေရှိသူများတွင် ရောဂါပိုး မကူးစက်အောင် တားဆီးပေးနိုင်


အမေရိကန် အစားအသောက်နှင့်ဆေးဝါး စီမံအုပ်ချုပ်ရေးဌာန (Food and Drug Adminstration - FDA) က တနင်္လာနေ့တွင် ပထမဆုံးအကြိမ်အဖြစ် HIV ဗိုင်းရပ်စ် တားဆီးကာကွယ်သည့် ဆေးဝါးတစ်မျိုးကို ထောက်ခံအတည်ပြုပေးလိုက်ပြီ ဖြစ်သည်။ အဆိုပါ ခြေလှမ်းသည် ကြောက်မက်ဖွယ် ခုခံအား ကျဆင်းမှု ရောဂါ (AIDS)ကို စတင်ဖြစ်ပေါ်စေသည့် ဗိုင်းရပ်စ်အား နှစ်ပေါင်း(၃၀)ကြာ တိုက်ဖျက်ရန် ကြိုးစားနေမှုတွင် အလွန်ကြီးကျယ်ခမ်းနားသည့် မှတ်တိုင်တစ်ခုသဖွယ် ဖြစ်လာသည်။ Gilead Science၏ Truvada ဆေးဝါးသည် HIVပိုး ရှိနေသူများနှင့် လိင်အထိအတွေ့ ရှိနေသူများကဲ့သို့ HIVပိုး ကူးစက်နိုင်ခြေ မြင့်မားသည့် အခြေအနေရှိသူများတွင် ရောဂါပိုး မကူးစက်အောင် တားဆီးပေးနိုင်ကြောင်း သိရှိရသည်။
(အမေရိကန် FDA က ထောက်ခံအတည်ပြုလိုက်သည့် HIV ကာကွယ်ဆေး Truvada)
ပြည်သူ့ကျန်းမာရေးဌာန တာဝန်ရှိသူများက ယခုဆေးဝါးကို အတည်ပြုလိုက်ခြင်းကြောင့် HIVပိုး ပျံ့နှံ့ ကူးစက်မှုကို နှေးကွေးအောင် တားဆီးလာနိုင်မည်ဟု ယူဆကြောင်း ပြောကြားသွားသည်။ AIDSရောဂါကို တိုက်ဖျက်ရန် နှစ်ပေါင်းများစွာ အချိန်ယူ ကြိုးပမ်းလာခဲ့သည့်နောက် ယခုဆေးဝါး တီထွင်နိုင်မှုသည် အောင်မြင်မှုတစ်ခုလည်း ဖြစ်လာသည်။ အမေရိကန်တွင် အနည်းဆုံးလူ (၁.၂)သန်း၌ HIV ရောဂါပိုး ကူးစက် ခံထားရသည်ဟု ယူဆရသည်။ ထို့အပြင် HIVပိုးရှိသူ အမေရိကန် (၂၄၀၀၀၀)ကျော်သည် ၎င်းတို့တွင် အဆိုပါ ရောဂါပိုး ရှိနေမှန်း သတိမပြုမိဟုလည်း သိရသည်။ Gilead Scienceသည် Truvadaကို (၂၀၀၄)ခုနှစ် ကတည်းက ဈေးကွက်တွင် ဖြန့်ဝေခဲ့ပြီး HIVပိုး ကူးစက်ပြီးသူများကို ကုသပေးရန် အသုံးပြုခဲ့သည်။

(HIV ဗိုင်းရပ်စ်ပိုး)(ဓာတ်တ်ပုံ - Wikipedia)
သို့သော်လည်း (၂၀၁၀)ပြည့်နှစ်မှ စတင်ကာ အဆိုပါ ဆေးဝါးသည် ရောဂါပိုး မကူးစက်သေးသူများက ရောဂါပိုး ရှိသူများနှင့် ထိတွေ့ခြင်းမှ ကူးစက်ခြင်းကို အမှန်တကယ် တားဆီးနိုင်စွမ်း ရှိနေကြောင်း ဖော်ထုတ် တွေ့ရှိလာခဲ့သည်။ (၃)နှစ်ကြာ လေ့လာမှုများ ပြုလုပ်ပြီးနောက် လိင်တူဆက်ဆံသူများ ရောဂါပိုး ကူးစက်မှုကို (၇၅)ရာခိုင်နှုန်းထိ တားဆီးနိုင်ကြောင်း တွေ့ရှိလာခဲ့သည်။ ထို့အပြင် သာမန် စုံတွဲများတွင် ရောဂါပိုး ကူးစက်မှုကို (၁)ရာခိုင်နှုန်းထိ လျော့နည်းသွားအောင် ယင်းဆေးဝါးက စွမ်းဆောင်နိုင်ခဲ့သည်။
FDAသည် အသေးစိတ် လေ့လာ ဆန်းစစ်မှုများ ပြုလုပ်ပြီးနောက် Truvadaကို HIV ကူးစက်မှု ကာကွယ်နိုင်သည့် ဆေးဝါးအဖြစ် ပထမဆုံးအကြိမ် ထောက်ခံချက် ပေးခဲ့ခြင်း ဖြစ်သည်။ လိင်ဆက်ဆံမှုများတွင် ကွန်ဒုံးအသုံးပြုခြင်းထက် ယခုဆေးဝါးက ပိုမို အကျိုးဖြစ်ထွန်းစေမည်ဟု ယုံကြည်ရကြောင်း FDA၏ ဗိုင်းရပ်စ်တိုက်ဖျက်ရေး ထုတ်ကုန်များဌာန ဒါရိုက်တာ ဒေါက်တာ ဒီဘရာ ဘရင်ခရက်က ပြောကြားခဲ့သည်။ "ကူးစက်မှုတွေမှာ ကွန်ဒုံးအသုံးပြုခြင်း၊ မပြုခြင်းနဲ့ တိုက်ရိုက်ဆက်နွယ်တဲ့ ပတ်သက်မှုမျိုးတွေ ကျွန်တော်တို့မှာ အားကောင်းကောင်း ရှာတွေ့ထားတာ မရှိပါဘူး။ ဒါပေမဲ့ Truvadaကတော့ ထိရောက်တဲ့ အကျိုးထူးတွေ ရှိခဲ့တာ အတည်ပြုနိုင်ပါတယ်"ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသွားသည်။

Source: MSNBC


Tuesday, July 17, 2012

ဘယ်လမ်းရွေးမလဲ. . .လိမ်ဆင်တွေနဲ့ KIA

ဘယ်လမ်းရွေးမလဲ. . .လိမ်ဆင်တွေနဲ့ KIA:
KIA နဲ့ အစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြတာ အကြိမ်ကြိမ်ရှိနေပါပြီ။
 လဂျားယန်၊ မိုင်ဂျာယန်နဲ့ ရွှေလီတို့မှာပါ ဆွေးနွေးခဲ့ပြီး သိရသလောက် စုစုပေါင်း ၁၀ ကြိမ်လောက်ရှိပါတယ်။ အစိုးရကိုယ်စားလှယ်က မိုင်ဂျာယန်အထိ လိုလိုလားလားနှင့် လာဆွေးနွေးခဲ့တယ်။ အခုချိန်ထိ တိကျသေချာတဲ့ ရလဒ် ဘာတစ်ခုမှရတာ မကြားသေးဘူး။

KIA ခေါင်းဆောင်ပိုင်းတွေက ယုံကြည်မှုတည်ဆောက်မယ်လို့ လူကြားကောင်းအောင် ပြောနေပေမယ့် ဒါဟာ နိုင်ငံတကာ အမြင်မှာ ငြိမ်းချမ်းရေးလိုလားသယောင် အသံကောင်းဟစ်တဲ့ သဘောပါပဲ။ ငြိမ်းချမ်းရေး ဆွေးနွေးမှုရဲ့ အခြားတစ်ဘက်မှာတော့ KIA ဟာ စစ်ရေးတိုက်ခိုက်မှုတွေကိုပဲ တိုးမြှင့် ဆောင်ရွက်နေခဲ့တယ်။ ဒီနေ့ခေတ်မှာ အကြမ်းဖက်လုပ်ရပ်တွေကို ဘယ်နိုင်ငံမှ လက်မခံတော့ပါဘူး။ ခေတ်နောက်ပြန် KIA ခေါင်းဆောင်တွေရဲ့ စေခိုင်းချက်အရ လမ်း၊တံတား၊တာဝါတိုင်တွေကို မိုင်းထောင်ဖျက်ဆီးတာတွေ၊ ကလေး/လူကြီး/ယောက်ျား/မိန်းမ မရွေး အတင်းအဓ္ဓမ လူသစ် စုဆောင်းတာတွေ၊ အဆမတန် ဆက်ကြေးကောက်ခံတာတွေနဲ့ အဆိုးဆုံးကတော့ ဒေသခံတွေကို ရက်တို လက်ပူတိုက် သင်တန်းပေးပြီး မိုင်းထောင်ခိုင်းလို့ သေကြေ ဒဏ်ရာရခဲ့တာတွေကြောင့် KIA ဟာ အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အစည်းတစ်ရပ်ဆိုတာ ပီပီပြင်ပြင် မြင်သာ လာပါတော့တယ်။

 ဒါတွေကြောင့် တရုတ်-မြန်မာနယ်စပ် စစ်ရေး အကဲခတ်လေ့လာသူတစ်ဦးဖြစ်သူ ကိုအောင်ကျော်ဇောက KIA နဲ့ပတ်သက်ပြီး “ဒီလိုလုပ်ရပ်တွေဟာ လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုအနေနဲ့ မကြာခင် ပြိုကွဲပျက်စီးတော့မယ့် သဘောဆောင်နေပါတယ်။ အထက်နဲ့အောက် ကြားမှာ မကျေလည်မှု အစိုင်အခဲတွေကြီးမားလာတဲ့အတွက် လာမယ့် ၄ လနဲ့ ၆ လကြားမှာ KIA တပ်ဖွဲ့အတွင်း အချင်းချင်း ပုန်ကန်တိုက်ခိုက်မှုတွေ ဖြစ်လာတော့မယ်”လို့ သုံးသပ်ပြောဆိုပါတယ်။

KIA ခေါင်းဆောင်ပိုင်းတွေကို လက်အောက်ငယ်သားတွေက လိုလားလက်ခံလိုခြင်း လုံးဝမရှိတော့သလို ဒေသခံကချင်တိုင်းရင်းသားတွေအနေနဲ့ကလည်း ရွံကြောက်ဖြစ်နေပါတယ်။
 KIA ဟာ ဒီလိုဆုံးရှုံးမှုတွေရှိနေပေမယ့် တစ်ဘက်ကလည်း မျောက်ပြဆန်တောင်းတာတွေ လုပ်နေပါတယ်။ တိုက်ပွဲတွေဖြစ်လို့ ဒုက္ခရောက်နေရသူတွေကိုအသုံးချပြီး ငွေရှာတဲ့ အလုပ်ကိုလည်း လုပ်လာပါတယ်။ ဒုက္ခသည်တွေကို တစ်နေရာမှာစု၊ စာရင်းပြုပြီးကြော်ငြာ၊ ကူပါကယ်ပါဗျာ ဆိုပြီး သူတောင်းစားလိုအော်၊ ရတဲ့ဒေါ်လာကို တရုတ်ဘက်မှာ တိုက်ဆောက်၊ ဒီလောက်ဆို KIA ဘာကြောင့် အပစ်မရပ်တာလဲဆိုတဲ့အဖြေ ရေရေရာရာ တွေ့နိုင်ပါပြီ။ သူတောင်းစား ဇောင်းဟရား ဦးစီးပြီး ဂိုဏ်းခေါင်းဆောင် ဂမ်ရှောင် တို့ရဲ့ အဖွဲ့ကို KIA ဆိုတဲ့နာမည်အစား “သူတောင်းစားဂိုဏ်း” လို့သာ နာမည်ပြောင်းပေးချင်ပါတော့တယ်

KIA ခေါင်းဆောင်တွေက မြို့ပေါ်မှာရှိတဲ့ ဘာသာရေး တရားဟောဆရာ၊ သိက္ခာတော်ရ ဆရာတွေကိုလည်း စစ်တပ်ကလာတိုက်လို့သာ ပြန်လည်ခုခံတိုက်ခိုက်ရခြင်း ဖြစ်ကြောင်း KIA ဘက်ကရပ်တည်ပြီး မီဒီယာတွေကိုပြောဖို့ အကြပ်ကိုင် ခြိမ်းခြောက်ထားတယ်။ ဒုက္ခသည်စခန်းရဲ့ အကာအကွယ်နဲ့ နေနေတဲ့ KIA တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရရင်လည်း ပြန်လွတ်အောင် နည်းမျိုးစုံသုံးလုပ်ဆောင်ဖို့ မှာကြားထားတယ်လို့လည်း သိရတယ်။
 ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့က ဂျန်မိုင်ကောင်းနှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သိက္ခာတော်ရဆရာ ဦးလဖိုင်ဂျာနော် ဦးဆောင်ပြီး မြစ်ကြီးနားမြို့တွင်း စီတန်းလှည့်လည်မှု ပြုလုပ်ရာမှာ ဒုက္ခသည်စခန်းကလူတွေ ဆန္ဒပြတယ်လို့ ပြောပေမယ့် အမှန်စင်စစ် ဒုက္ခသည် ၃၀ လောက်ပဲပါတယ်။ ကျန်တာတွေက ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)အဖွဲ့ဝင်တွေပဲ ဖြစ်ပါတယ်။

  ဒီအကြောင်းကို ဖခင်တစ်ဦးဖြစ်သူ ဦးမရမ်ထွယ်ဝါက အခုလိုပြောပြပါတယ်။
 “တကယ်တမ်းကျတော့ ဒုက္ခသည်တွေက စိတ်မဝင်စားပါဘူးဗျာ၊ KBC ကနေ တစ်ရပ်ကွက်ကို အနည်းဆုံး လူ ၁၀ ဦး လိုက်ပါရမယ်လို့ KIA နဲ့ ကိုင်ပေါက်ပြီး ခြိမ်းခြောက် ခေါ်လို့သာ ရပ်ကွက်ထဲကလူတွေ လိုက်သွားခဲ့ရတာပါ။ ကျွန်တော့်သားက ၁၀ နှစ်ပဲ ရှိသေးတာ။ ဒုက္ခသည် ဆိုတာလည်း မသိဘူး၊ နိုင်ငံရေးလည်းမသိဘူး၊ ကချင်လူမျိုးဆိုရင် လိုက်ရမယ်ဆိုလို့ ကြောက်လန့်ပြီး ပါသွားခဲ့တာ။ ထမင်းတစ်နပ်ငတ်ပြီး ပြန်လာခဲ့ရတာပဲ အဖတ်တင်တယ်”။
 ဒါနဲ့ပတ်သက်ပြီး ဦးလဖိုင်ဂျာနော်နဲ့ ရင်းနှီးသူတစ်ယောက်က ဦးလဖိုင်ဂျာနော် အနေနဲ့ KIA ကို မလွန်ဆန်ရဲလွန်းလို့သာ ဒီလိုလုပ်နေရတာဖြစ်ကြောင်း၊ လိမ်ညာရတဲ့အလုပ်တွေကို သူကိုယ်တိုင် ရွံရှာနေပြီဖြစ်ကြောင်းနဲ့ ဘရန်ရှောင်ဟာ KIA က တပ်ကြပ်ကြီးဆိုတာ သူကိုယ်တိုင်သိကြောင်း ပြောပြပါတယ်။

 အခုချိန်မှာ KIA ဘာဆက်လုပ်မလဲ၊ မျောက်ပြဆန်တောင်းပြီး သူတောင်းစားလို ဆက်လုပ်မလား၊ “ဝ” တို့ စိုင်းလင်းအဖွဲ့တို့လို ဘိန်းစိုက်ပြီး မူးယစ်ဆေးဝါးနဲ့ ငွေရှာမှာလား၊ စစ်တပ်ဆီမှာပဲ ဒူးထောက်အညံ့ခံမှာလားဆိုတာ သေချာစဉ်းစားသင့်ပြီဖြစ်ပါတယ်။

 စစ်တပ်ကလည်း အလျော့မပေး၊ KIA ခေါင်းဆောင်တွေကလည်း ခေါင်းမာ၊ ကြားထဲက ကချင်ပြည်သူတွေကတော့ အမှောင်ကျနေဆဲ၊ စစ်မြေပြင်ဖြစ်နေဆဲ၊ ရောဂါတွေထူပြောဆဲ၊ အငတ်ဘေးဒုက္ခရောက်လို့ သေကြေနေကြဆဲ ဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုး အားလုံးအတွက် KIA လူမိုက်တွေကို ဘုရားသခင် ဒဏ်ခတ်ပါလိမ့်မယ်။ ဇောင်းဟရား၊ လဂျာနဲ့ ဂမ်ရှောင်တို့ အဖွဲ့ကို အသိတရားရစေဖို့ တန်ခိုးတော်နဲ့ ဆုံးမပေးတော်မူပါ။ အာမင် ။

( မြစ်ကြီးနား-ဝိုင်းမော် ရှိ သတင်းထောက်တစ်ဦး)
(မောင်ကျောက်ခဲ အဖွဲ့ဝိုင်းတော်သားများ )
_________________________________________________________________________________

အဆုတ်ရောဂါ အကြောင်းသိကောင်းစရာ

အဆုတ်ရောဂါ အကြောင်းသိကောင်းစရာ 


တီဘီ ရောဂါအစ ..................         
သွေးကြောလေး ဆိုတာ သွေး ကြောကနေရိုက်လိုက်တဲ့အခါ vascular end-on effect လို့ခေါ် တယ်။ သွေးကြော လေးပေါ်လာတယ်။ အဆုတ်မှာရှိတဲ့ အကျိတ်( gland ) တကယ်လို့ ထုံးဓာတ်( CALCIFY )၀င် သွားရင် လည်း အစက်ပေါ်တယ်။ ဒါ တွေက ရောဂါ မဟုတ်ဘူး။ နောက် တစ်ခု အဆုတ်မှာ အစက်ကလေး ( spot )နှင့်စပြီး တီဘီဖြစ်တာရှိသလို တီဘီ ရောဂါဖြစ်ပြီးလို့ ကောင်းသွား ရင်လည်း အစက် ကလေးကျန်ရစ်ခဲ့ တတ်တယ်။ အဲဒါကြောင့် spot လို့ ပြောလိုက်တဲ့ အချက်က အစက် ကလေး တစ်ခုတွေ့တာဖြစ်တဲ့အတွက် အဲဒီအစက် ကလေးက ဘာမှမဖြစ် တာကနေ အသက် အန္တရာယ်ရှိနိုင် သည်အထိ သူများကို ကူးစက်နိုင်တဲ့ ရောဂါထိဖြစ်နိုင် တယ်။
တီဘီဖြစ်တဲ့ လူတိုင်း အဆုတ် မှာ အစက်ကျန်ခဲ့တဲ့သူကို ရာခိုင်နှုန်း နဲ့ခန့်မှန်း လို့မရဘူး။ တီဘီဖြစ်တိုင်း လည်း အစက်ကျန် ရမယ်မဟုတ်ဘူး။ တချို့က တီဘီ ရောဂါ နှစ်ခါကနေ သုံးခါဖြစ်ပါစေ အစက်( spot )မကျန် ခဲ့ဘူး။ တချို့ကျ တော့ တီဘီရောဂါ ဖြစ်တယ်။ ခဏပေါ့ ဆေးသောက် တော့ ပျောက်သွားတယ်။ ဒါပေမယ့် အဆုတ်ထဲ မှာ အစက်ကျန်နေခဲ့တယ်။ အဲဒါကြောင့် တီဘီဖြစ်တဲ့လူ ရာခိုင် နှုန်းဘယ် လောက်က အမာရွတ်ကျန် ခဲ့တယ်၊ မကျန်ခဲ့ဘူး ခန့်မှန်းလို့မရ ဘူး။ မှန်းထားတာလည်း မရှိဘူး။ ကျန်ချင်တဲ့ သူကျန်ခဲ့မယ်။       
အစက်( spot )က သွေးကြော ကြောင်းဖြစ်တယ်။ ဒါသဘာဝပဲ။ အနာကျက်သွားလို့ ကျန်နေခဲ့တဲ့ အကျိတ်တွေ ထုံးဓာတ်ဝင်သွားပြီး ပျက်စီးတာ။ အဲဒါကို ကုဖို့လို သလား ဆိုတော့ မလိုဘူး။ တီဘီဖြစ်ပြီးလို့ အမာရွတ် ကျန်တာ ဒါလည်းကုဖို့မ လိုဘူး။ သို့သော် အနာစဖြစ်မယ့်နေ ရာ သန္ဓေတည်တဲ့နေရာက အစက် ( spot )ဆိုရင်ကုရမယ်။ ကင်ဆာ လည်း ဖြစ်နိုင်တယ်။ အမာရွတ်ဆို တဲ့ဟာ က မပျောက်ဘူး။ ပျောက်ချင်တယ် ဆိုရင် အမာရွတ်ကို လှီးထုတ်မှ ရ မယ်။ ဥပမာ ဓားထိ တယ်။ အမာ ရွတ် ကျန်နေခဲ့ တယ်။ အမာရွတ်ကို ပျောက်ချင်ရင် အမာရွတ်ကိုလှီးထုတ် မှရမယ်။ ဆေးသောက်လို့လည်း မပျောက်နိုင်ဘူး။ အဲဒါဆို အမာရွတ် ကိုလှီးထုတ်ရင် သင့်သလား ဆိုတဲ့ မေးခွန်း ထုတ်လာနိုင်တယ်။ အစက် ကလေးတစ်စက် ကျန်တဲ့အတွက် ခွဲထုတ်ရမယ့်အန္တရာယ်နှင့်အဆုတ် ခွဲစိတ်တယ် ဆိုတာ major operation အဲဒါမျိုးရော သင့်တော်ပါ့မလား မတန်ဘူး။ ဒါပေမယ့် မခွဲစိတ် ရဘဲနှင့် ပျောက်အောင်လုပ်လို့လည်း မရဘူး။     

တီဘီရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ.....     

တီဘီပိုးဝင်မ၀င်ကို အရေပြား အောက်မှာ ဆေးထိုးပြီးစမ်းရတဲ့ နည်းရှိတယ်။ အဲဒါလည်း ရာနှုန်း ပြည့်မ သေချာ ဘူး။ နောက်သွေးစစ် ပြီးစမ်းတဲ့နည်းရှိတယ်။ အဲဒီနည်းက လုံးဝစိတ်မချရဘူး။ WHO က အဲဒီ နည်းကို တီဘီရောဂါသတ်မှတ်ဖို့အ တွက် မသုံးဖို့ပြောပြီးသား၊ ဘယ်တစ် ခုမှ သေချာတာမရှိဘူး။ တီဘီပိုး ၀င်တာနဲ့ ရောဂါဖြစ်တာနဲ့ ကွာသေး တယ်။ ဆရာတို့လို တီဘီအဖြစ်များ တဲ့နိုင်ငံမွှျှာံဥ ခန့်မှန်းထားတာ က လူသုံးဦး ထဲမှာ တစ်ဦးဟာ ပိုးဝင် ပြီးသား၊ ရောဂါဖြစ်ဖို့ပဲကျန်တော့ တယ်။ အဲဒီရောဂါဖြစ်မယ့်အချိန် သည် ဘယ်နေ့လဲ၊ ဘယ်အချိန်လဲ ဆိုတာမသိဘူး။        

တီဘီ ရောဂါပိုးတွေ့ တာနဲ့ ဆေးမကုဘူး။ ရောဂါပေါ်မှ ကုတယ်။ အဲဒါကြောင့် ဒါကု လို့မရ ဘူး။ ရောဂါလက္ခဏာပြတယ်ဆိုမှ ကုလို့ရတယ်။ ဓာတ်မှန်မှာပြမလား၊ သလိပ်မှာပြမှာလား။ ဒါတွေက ပို သေချာအောင် လုပ်ရတာပေါ့။ ရော ဂါလက္ခဏာလည်းပြတယ်။ ဓာတ် မှန်မှာလည်း ရောဂါရှိတာကိုတွေ့ ရင်တော့ ဒါကုရတော့မှာ၊ ပိုးဝင်ရုံနဲ့ တော့ကုလို့မရဘူး။

Monday, July 16, 2012

ကင်ဆာရောဂါကိုကြိုတင်ကါကွယ်ခြင်း


ကင်ဆာရောဂါကိုကြိုတင်ကါကွယ်ခြင်း:


၁။ကင်ဆာရောဂါဖြစ်မည်ကို လူတိုင်းကြောက်ရွံ့ကြပါသည်။
၂။ကင်ဆာ ရောဂါဟူသည်မှာ ခန္ဓ္ဓာကိုယ်အတွင်းပိုင်းတွင်ဖြစ်တတ်သော အနာမှန်သမျှကို အင်္ဂလိပ်ဆေးဝါးအရ
ကင်ဆာဟုသတ်မှတ်သော အနာ တစ်မျိုးဖြစ်ကြောင်းသိရှိရပါသည်။မြစ်ပွားနာဖြစ်ပါသည်။ပြန့်နှံ့နှုန်း မြန်ပါသည်။
၃။HIV ဖြစ်မှကိုယ်ခံအားကျသည်မဟုတ်ပါ။
၎။အစားအသောက် အအိပ်အနေမမှန်သူများလည်း ခုခံအားကျပါသည်။
၅။ထိုသူများမှာ အခြားသူများထက် ကူးစက်ရောဂါများကို ခံစားရပါသည်။
၆။တုပ်ကွေးဖြစ်တာခြင်းတူလျင် အခြားသူများပျောက်သော်လည်း မပျောက်ပါ။
ရ။ကင်ဆာဆဲလ်များမှာ မွေးရာပါ ပါဝင်လာပြီးဖြစ်ပါသည်။(ဥပမာ-ရေယုန်ပေါက်သူများသည် ခုခံအားကျနေပါသည်)
၈။ရေယုန်မှာ ကင်ဆာမဟုတ်ပါ။ခုခံအားကောင်းလာလျင်ပျောက်ပါသည်။
၈။ကင်ဆာဆဲလ်များမှာလည်း ခုခံအားကျသူများတွင်ပေါ်လာပါသည်။
၉။အိပ်ရေးဝသူများ သင်္ဘောရွက်ကို စားသုံးသူများ အာလူးအစိမ်းအစိမ်းကိုအရည် ညှစ်သောက်သူများ ကြက်ဟင်းခါးသီးကို အစေ့ အူတိုင် ဖယ်၍စားသူများ ကင်းပုံသီး စားသူများမှာ မှာပျောက်ကင်းပါသည်။ ခုခံ အားတက်စေပါသည်။
၁၀။CEVIT ပါဝင်သော ဖန်ခါးသီး သံပုရာသီး ဇီးဖြူသီး တို့ကို အမြဲစားသုံးပါ။
မှတ်ချက်။ ။ကင်ဆာရောဂါ ကါကွယ်နည်းကို ရေးဖြစ်အောင်အစ ဖော်ပေးသော POE ကို ကျေးဇူးတင်ရှိပါသည်။